18 June 2012

Caffeine For Mac (Free)

Mac နဲ့ ပတ်သတ်ပြီး ကြုံတွေ့ ရတတ်တယ့် ပြဿနာတစ်ခုကတော့ တစ်ခါတစ်လေ.. ကိုယ်က Download လုပ်ထားပြီး ထမင်းစားနေတာတို့... အိမ်သာသွားတက်တာတို့ ဆိုရင် sleep mode ကို ၀င်သွားတတ်တာပါပဲ။

 

ဒီ app လေးကတော့ အဲ့လိုဖြစ်တာကို ကာကွယ်ပေးတယ့် app လေးပါ။ ၅ မိနစ်.. ၁၀ မိနစ်.. ၁၅ မိနစ်... ၃၀ မိနစ်... ၁ နာရီ.. ၂ နာရီ.. ၅ နာရီ… indefinitly(အချိန်အကန့်အသတ်မရှိ) ဆိုတာတွေ သတ်မှတ်ပေးလို့ရပါတယ်။ 

 

Status bar မှာ ကော်ဖီခွက်လေးက အလွတ်လေးဖြစ်နေရင် activate မလုပ်ထားပါဘူး။ Run မထားဘူးပေါ့ဗျာ။ ကော်ဖီခွက် အလွတ်ကလေးကို နှိပ်လိုက်ပါ.. ကော်ဖီတွေ နဲ့ အငွေ့ထွက်နေရင်တော့ Run နေပါပြီ။

 

Preferences တို့.. အချိန်ဘယ်လောက်သတ်မှတ်မလဲတို့ကို သိချင်ရင်.. ကော်ဖီခွက်လေးကို Right Click နှိပ်လိုက်ပါ။  Preferences မှာ ………… စက် စဖွင့်ကတည်းက Caffeine ကို Run ချင်လျှင်.. Automatically start Caffeine at login ကို check လုပ်ထားပါ။ Caffeine ကို Run တာနဲ့ activate လုပ်ချင်လျှင် Activate Caffeine at lunch ကို check ထားလိုက်ပါ။ Default Duration လည်း မိမိ ထားချင်သည့် အချိန်ကို ထားထားပါ.. Default Duration က Caffeine ကို activate လုပ်တာနဲ့ သတ်မှတ်ထားမယ့် အချိန်ပါ။  တစ်ခြားအချိန်ကို သတ်မှတ်ချင်ရင်တော့ Right Click >> Activate for မှာ သတ်မှတ်လို့ရပါတယ်.. 

 

Caffeine For Mac (via iTunes)  Download here

 

Screen Shot 2012 06 18 at 12 27 10 AM

 

Screen Shot 2012 06 18 at 12 29 20 AM