18 June 2012

MacBook Pro/Air များတွင် ပေးထားသော Password မေ့နေလျှင်ပြန်ဖြုတ်နည်း




 Mac OS X 10.7Lion နှင့် အထက် ဆိုရင် သုံးလို့ ရပါတယ်။
1. ပထမဦးဆုံး သင် Mac Book Pro (or) Air ကို shutdown ချပြီး ပြန်ဖွင့်ပါ။

2. ပြန်ဖွင့်ချိန်တွင် option key ကို ဖိထားပေးပါ။ထိုသို့ ဖိထားလျှင်ယခုလိုမြင်ရပါမည်။




3. သင် Mac Book Pro (or) Air တွင် window မတင်ထားလျှင် window နေရာတွင် recover HD ဟုပေါ်ပါမည်။

4. ထို recover HD ကို click ပေးပြီးဝင်လိုက်ပါ။

5. ၀င်ပြီးလျှင် Recover Mode ထဲသို့ အဆင်ပြေချောမောစွာရောက်ရှိသွားပါပြီ။

6. Recover Mode ထဲသို့ ရောက်လျှင် Mac ရဲ့  “Utilities” menu ထဲမှ “Terminal” ဆိုသည့် ထဲကိုဝင်လိုက်ပါ။(အောက်တွင်ပုံနှင့်တကွရှင်းပြထားပါသည်။)






7. ထိုသို့ “Terminal” ထဲကိုဝင်ရောက်ပြီးလျှင် resetpassword ဟုရိုက်ထည့် ပေးလိုက်ပါ။

8. ရိုက်ထည့် ပေးပြီးလျှင် လူကြီးမင်း တို့ ရဲ့ Mac Device ကို restart ချပေးလိုက်ပါ။ Device ပြန်တက်လာလျှင် password မပါ ပဲပြန်တက်လာတာကိုတွေ့ ရပါလိမ့်မယ်။

အောင်မြင်ကြပါစေဗျာ။ 
                                                                                                            မိုးမြင့်ဟိန်း(jailbreakerMoe)