Mac မှာ.. shortcuts တွေကို လိုက်ရှာစရာမလိုပဲ အကုန် မြင်ရအောင် CheatSheet
ကျနော်တို့ တစ်တွေ တော်တော်များများ ဖြစ်တတ်ကြပါတယ်.. shortcut လေးတွေ မေ့သွားတာတို့ သိချင်တာတို့ပေါ့.. CheatSheet ဆိုတဲ့ tweak app လေးက ခင်ဗျားတို့ mac အတွက် အဆင်ပြေအောင် ဆောင်ရွက်ပေးပါလိမ့်မယ်။
- အရင်းဆုံး Software ကို သွင်းလိုက်ပါ။
- သွင်းပြီးသွားရင် တော့ အရင်ဆုံး System Preference ထဲမှ Universal Access ကိုသွားပါ
- ပြီးလျှင် ဘယ်ဘက်အောက်ခြေနားမှာရှိတဲ့ Enable Access For assistive devices ကို အမှန်သွားခြစ်ပါ
- အထက်ပါ အတိုင်းလုပ်ဆောင်ပြီးသွားလျှင် စတင်အသုံးပြုလို့ရပါပြီ။
သူ့ရဲ့လုပ်ဆောင်ပုံကတော့ အလွန်ရိုးရှင်ပါတယ် မိမိ ဖွင့်ထားတယ့် app ရဲ့ shortcut တွေကို သိချင်ရင် Command Key လေး ခဏကြာကြာ ဖိထားရုံပါပဲ။ (ခက်များခက်သွားလား.. :D )
Command Key နှိပ်ထားပြီး ခဏကြာရင် အပေါ်ကပြထားတဲ့အတိုင်း ပဲဖွင့်ထားတဲ့ Application နဲ့သက်ဆိုင်တဲ့ Shortcuts Key တွေကိုဖော်ပြပေးမှာပါ။
လိုချင်တယ်ဆိုရင်တော့ Click Here to Download (ဒါနဲ့ စကားမစပ် .. Free နော် :D )
Modify by Admin