01 November 2012

iOS 6 or 6.0.1 ကို tethered jailbreak လုပ်နည်း



ဒီတခါတော့ကျွန်တော် screenshot တွေနဲ့မလုပ်ပဲ ရှင်းရှင်းလင်းလင်းလေးပဲရေးပြလိုက်မယ်နော်.

***A4 devices only**

Requirements လေးတွေကတော့

redsn0w လိုပါမည်

နောက်ပြီးရင် သက်ဆိုင်ရာ official ipsw (official iOS firmware)
iOS 6 တွေကိုဒီမှာယူပါ

iOS 6.0.1 ကိုဒီမှာယူပါ

1.ကဲ redsn0w ကိုဖွင့်ပြီးလုပ်ငန်းလေးစလိုက်ရအောင်

2.Extras -> select ipsw -> သက်ဆိုင်ရာ ipsw ကိုရွေးပြီး go back လုပ်ပါ

3.Jailbreak ဆိုတာလေးကိုနှိပ်လိုက်ပါ..
4.Install cydia ကိုရွေးပြီး next ကိုနှိပ်

5.ဖုန်းကိုပိတ်ကြိုးနဲ့ချိတ်ပြီးnextကိုနှိပ်
6.သူ့ Instruction အတိုင်းလိုက်ဖတ်ပြီး DFU mode ထဲကိုဝင်ပါ..

7.ထို့နောက် tethered mode ထဲကိုဝင်ဖို့အတွက်, Autoboot this device ကိုအမှန်ခြစ်ပေးပါ.
ဖုန်းကိုပြန်ပိတ်ပြီး tethered mode ထဲကိုဝင်ရပါမည်.

8.နောင်နောင်အခါတွေမှာလည်း Power ပိတ်သွားခဲ့သည်ရှိသော် tethered mode ထဲကိုပြန်ဝင်ပေးရပါမယ်. ဘာလို့လဲဆိုတော့ ဒီကောင်က tethered jailbreak မို့ အန့်တီ့သားကရသေးဘူးဗျ (untethered)(information updated still November/3/2012).

9.Untethered mode ကိုဝင်ဖို့ Redsn0w ကိုပဲအသုံးပြုရမှာဖြစ်ပါတယ်.
Extras -> select ipsw -> သက်ဆိုင်ရာ ipsw ကိုရွေးပေးပါ. ပြီးရင်တော့ ထိပ်ဆုံးမှာရှိတဲ့ just boot ကိုနှိပ်ပါ. Instruction အတိုင်းလုပ်လိုက်ပြီး DFU mode ထဲကိုဝင်ရမှာပါ.

10.နာနတ်သီး တခြမ်းကိုက်ပုံလေးနဲ့တက်လာတယ်မလား. ဖုန်းထဲမှာ cydia လေးပါလာပြီဟုတ်…
 
Done!!!
Enjoy!!!

Credit To : www.redmondpie.com , www.iclarified.com
Posted By : Aung Thiha (“Update” Mobile Service)