03 November 2012

Mac မှာ.. shortcuts တွေကို လိုက်ရှာစရာမလိုပဲ အကုန် မြင်ရအောင် CheatSheet


ကျနော်တို့ တစ်တွေ တော်တော်များများ ဖြစ်တတ်ကြပါတယ်.. shortcut လေးတွေ မေ့သွားတာတို့ သိချင်တာတို့ပေါ့.. CheatSheet ဆိုတဲ့ tweak app လေးက ခင်ဗျားတို့ mac အတွက် အဆင်ပြေအောင် ဆောင်ရွက်ပေးပါလိမ့်မယ်။

  1. အရင်းဆုံး Software ကို သွင်းလိုက်ပါ။
  2. သွင်းပြီးသွားရင် တော့ အရင်ဆုံး System Preference ထဲမှ Universal Access ကိုသွားပါ
  3. ပြီးလျှင်  ဘယ်ဘက်အောက်ခြေနားမှာရှိတဲ့ Enable Access For assistive devices ကို အမှန်သွားခြစ်ပါ
  4. အထက်ပါ အတိုင်းလုပ်ဆောင်ပြီးသွားလျှင်  စတင်အသုံးပြုလို့ရပါပြီ။
 အသုံးပြုပုံ
သူ့ရဲ့လုပ်ဆောင်ပုံကတော့ အလွန်ရိုးရှင်ပါတယ် မိမိ ဖွင့်ထားတယ့် app ရဲ့  shortcut တွေကို သိချင်ရင် Command Key လေး ခဏကြာကြာ ဖိထားရုံပါပဲ။ (ခက်များခက်သွားလား.. :D )
Command Key နှိပ်ထားပြီး ခဏကြာရင် အပေါ်ကပြထားတဲ့အတိုင်း ပဲဖွင့်ထားတဲ့ Application နဲ့သက်ဆိုင်တဲ့ Shortcuts Key တွေကိုဖော်ပြပေးမှာပါ။


လိုချင်တယ်ဆိုရင်တော့ Click Here to Download (ဒါနဲ့ စကားမစပ် .. Free နော် :D )


Modify by Admin