02 November 2012

iOS 6.0.1 ထွက်ရှိ


iOS 6.0.1 ထွက်ရှိလို့လာပါပြီ. iOS 6.0 တုန်းကပါရှိသော bug များပြင်ပေးထားတယ်လို့ သိရပါတယ်. ထို bug တွေမှာ keyboard ပေါ်မှာ line တွေပေါ်နေခြင်း, Microsoft exchange နဲ့ passbook (passbook ကတော့တို့နိုင်ငံမှာသုံးမရပေ), Wi-Fi error, camera နှင်ဆိုင်သော error များ နှင့် အခြားသော error များပါဝင်ပါတယ်..



အောက်ဖော်ပြပါများကို ပြန်လည်ပြင်ဆင်ထားပြီး အဆင့်မြင့်တင်ထားတယ်လို့ သိရပါတယ်


အဲဒါကို ကျွန်တော် ဘာသာပြန်ပေးလိုက်မယ်နော်...Myanmar Mac Supporrt လို့ရေးထားတဲ့စာလေးတော့သည်းခံနော်..အိပ်ချင်မူးတူးနဲ့ r နှစ်လုံးထပ်ရေးထားတယ် ဟီးဟီး :D

 ဒီ bug တွေ တကယ်ရှင်းသွားပြီလို့တော့ users တွေဆီက confirm တော့မဖြစ်သေးပါဘူး.
iOS 6.0.1 မှာ apple map ကိုလည်းအဆင့်မြှင့်ပေးမယ်လို့ထင်ပါတယ်.
ဘာလို့လဲဆိုတော့ ဒီ map ကိစ္စနဲ့ပတ်သက်ပြီးတမ္ဘာလုံးကအပြစ်တွေဝိုင်းပြောတာခံခဲ့ရလို့ဖြစ်ပါတယ်.
iOS 6.0.1 က iPhone 5, iPhone 4S, iPhone 3GS, iPad 4, iPad 3, iPad 2, iPad mini, iPod touch 5, iPod touch 4 တွေမှာရမှာဖြစ်ပါတယ်.
မိမိ iDevice ပေါ်ကနေ internet connection ကိုအသုံးပြုပြီး over-the-air (OTA) ဖြင့်မြှင့်နိုင်ပါသည်..
မြှင့်နည်းမှာ -
Settings.app –> General –> Software Update option found on the device

ထိုနည်းဖြင့်မလုပ်ချင်လျှင်လည်း firmware များကို download ဆွဲပြီး
iTunes မှ manually တင်နိုင်ပါသည်...
firmware များကို ဒီ website မှဒေါင်းပါ

Credit To : www.redmondpie.com
Posted By : Aung Thiha ("Update" Mobile Service)