iPhone battery အားကြာရှည်အသုံးပြုနိုင်မည့်နည်း
1. auto-brightness ဖွင့်ထားလိုက်ပါ
iPhone မှာ ambient light sensor ဆိုသည့်အရာတခုပါဝင်ပါသည်။ ထိုအရာသည် iPhone ဧ။်အနားတ၀ိုက်ရှိ အလင်းရောင် ပမာဏပေါ်မူတည်ပြီး screen ရဲ့ အလင်းကိုချိန်ပေးပါတယ်။ (လင်းတဲ့အရပ်နေရာမှာ ပိုလင်းပေးပါတယ်၊ မှောင်တဲ့အရပ်ဒေသမှာ screen အလင်းကို လျှော့ပေးပါတယ်)။ ထိုနည်းဖြင့် battery life ကိုရှည်ကြာစေပြီး သုံးရလည်းပိုမိုလွယ်ကူစေပါတယ်။ အဘယ်ကြောင့်ဆိုသော် မှောင်သောနေရာတွင် battery အားကို လျှော့သုံးသည့်အတွက် ဖြစ်ပါသည်။
Setting App -> Brightness -> Auto-Brightness On
2. bluetooth ကိုမလိုသည့်အချိန်တွင်ပိတ်ထားပါ
bluetooth ကိုအမြဲတန်းဖွင့်ထားမယ်ဆို battery အားအရမ်းကုန်ပါတယ်။ ထို့ကြောင့် bluetooth ကိုမသုံးတဲ့အချိန်မှာပိတ်ထားပေးပါ။Setting App -> General -> Bluetooth -> Bluetooth Off
3G network နှင့် internet သုံးလျှင်လိုင်း ပိုမြန်သော်လည်း battery အားအရမ်းစားပါသည်။ ထို့ကြောင့် download များမဆွဲပဲ website တွေတင်ကြည့်ရုံလောက်ဆို EDGE ကိုပဲသုံးခြင်းအားဖြင့် battery စားသက်သာစေပါတယ်။Setting -> Location Services -> Slide to Off
iPhone တွေမှာ (internet ချိတ်ထားချိန်) တယောက်ယောက်က ကိုယ့်ဆီ e-mail ပို့လိုက်ပြီဆိုတာနဲ့ ကိုယ့်ဆီမှာ တန်းလက်ခံအောင် default အနေဖြင့် လုပ်ထားပါတယ်။ အဲဒါကို ပိတ်လို့ရပါတယ်။ ပိတ်ထားမယ်ဆို battery အစားသက်သာစေပါတယ်။ အဲဒါဆို e-mail ၀င်လာရင် ဘယ်လိုသိမလဲလို့မေးစရာတော့ရှိတယ်။ အဲဒါကို အောက်မှာဆက်ရှင်းပြပေးထားပါတယ်။
e-mail ရယူဖို့အတွက် စစ်ပေးသည့် function အကြိမ်နှုန်းထားကို လျှော့ပေးခြင်းဖြင့် battery စားသက်သာစေပါသည်။ ၁၅ မိနစ်တခါ e-mail အ၀င်လက်ခံတာ သို့မဟုတ် ၃၀မိနစ်တခါ တနာရီတခါ အစရှိသဖြင့်ပေါ့။ ချိန်ထားလို့ရပါတယ်။ ဒါဆို ၁၅မိနစ်ထားလိုက်သည်ဆိုပါစို့ ၁၅မိနစ်မပြည့်ခင်က ကိုယ့်ဆီပို့လိုက်သည့် e-mail ဟာ ၁၅မိနစ်ပြည့်မှ ပေါ်မည် ဖြစ်ပါသည်။
lock ကျတာစောရင် screen နဲ့ တခြား service တွေအတွက် battery အားသုံးနှုန်းလျော့ကျစေပါတယ်။ ထိုနည်းဖြင့်လည်း battery အားကြာရှည်စေပါတယ်။
location service ကသုံးတော့သုံးတယ် တချို့ဟာတွေပဲမသုံးတာဆို မသုံးတဲ့ဟာတွေပိတ်ထားပါ။ ထိုနည်းဖြင့် battery အစားသက်သာစေပါသည်။ ဖုန်းအပူချိန်ကိုပါသက်သာစေပါသည်။Setting -> Location Services -> System Services -> Turn off Diagnostics & Usage, Location-Based iAds, and Setting Time Zone
ထိုပစ္စည်းကို mophie တို့ Kensington တို့မှ အသီးသီး ထုပ်လုပ်ကြပါသည်။ ထိုပစ္စည်းဝယ်သုံးမယ်ဆိုရင်တော့ ပိုမို ရက်ရှည် အသုံးခံမည်ဖြစ်ပါသည်။











