iOS 5.1.1 ကို jailbreak လုပ်နည်း
1. ပထမဦးစွာ absinthe 2.0.4 ကို download ချရပါမည်။
Posted By : Aung Thiha
Technology Sharing Site | Some Page are Under Construction
bluetooth ကိုအမြဲတန်းဖွင့်ထားမယ်ဆို battery အားအရမ်းကုန်ပါတယ်။ ထို့ကြောင့် bluetooth ကိုမသုံးတဲ့အချိန်မှာပိတ်ထားပေးပါ။
3G network နှင့် internet သုံးလျှင်လိုင်း ပိုမြန်သော်လည်း battery အားအရမ်းစားပါသည်။ ထို့ကြောင့် download များမဆွဲပဲ website တွေတင်ကြည့်ရုံလောက်ဆို EDGE ကိုပဲသုံးခြင်းအားဖြင့် battery စားသက်သာစေပါတယ်။
iPhone တွေမှာ (internet ချိတ်ထားချိန်) တယောက်ယောက်က ကိုယ့်ဆီ e-mail ပို့လိုက်ပြီဆိုတာနဲ့ ကိုယ့်ဆီမှာ တန်းလက်ခံအောင် default အနေဖြင့် လုပ်ထားပါတယ်။ အဲဒါကို ပိတ်လို့ရပါတယ်။ ပိတ်ထားမယ်ဆို battery အစားသက်သာစေပါတယ်။ အဲဒါဆို e-mail ၀င်လာရင် ဘယ်လိုသိမလဲလို့မေးစရာတော့ရှိတယ်။ အဲဒါကို အောက်မှာဆက်ရှင်းပြပေးထားပါတယ်။
e-mail ရယူဖို့အတွက် စစ်ပေးသည့် function အကြိမ်နှုန်းထားကို လျှော့ပေးခြင်းဖြင့် battery စားသက်သာစေပါသည်။ ၁၅ မိနစ်တခါ e-mail အ၀င်လက်ခံတာ သို့မဟုတ် ၃၀မိနစ်တခါ တနာရီတခါ အစရှိသဖြင့်ပေါ့။ ချိန်ထားလို့ရပါတယ်။ ဒါဆို ၁၅မိနစ်ထားလိုက်သည်ဆိုပါစို့ ၁၅မိနစ်မပြည့်ခင်က ကိုယ့်ဆီပို့လိုက်သည့် e-mail ဟာ ၁၅မိနစ်ပြည့်မှ ပေါ်မည် ဖြစ်ပါသည်။
lock ကျတာစောရင် screen နဲ့ တခြား service တွေအတွက် battery အားသုံးနှုန်းလျော့ကျစေပါတယ်။ ထိုနည်းဖြင့်လည်း battery အားကြာရှည်စေပါတယ်။
location service ကသုံးတော့သုံးတယ် တချို့ဟာတွေပဲမသုံးတာဆို မသုံးတဲ့ဟာတွေပိတ်ထားပါ။ ထိုနည်းဖြင့် battery အစားသက်သာစေပါသည်။ ဖုန်းအပူချိန်ကိုပါသက်သာစေပါသည်။
ထိုပစ္စည်းကို mophie တို့ Kensington တို့မှ အသီးသီး ထုပ်လုပ်ကြပါသည်။ ထိုပစ္စည်းဝယ်သုံးမယ်ဆိုရင်တော့ ပိုမို ရက်ရှည် အသုံးခံမည်ဖြစ်ပါသည်။Mac နဲ့ ပတ်သတ်ပြီး ကြုံတွေ့ ရတတ်တယ့် ပြဿနာတစ်ခုကတော့ တစ်ခါတစ်လေ.. ကိုယ်က Download လုပ်ထားပြီး ထမင်းစားနေတာတို့... အိမ်သာသွားတက်တာတို့ ဆိုရင် sleep mode ကို ၀င်သွားတတ်တာပါပဲ။
ဒီ app လေးကတော့ အဲ့လိုဖြစ်တာကို ကာကွယ်ပေးတယ့် app လေးပါ။ ၅ မိနစ်.. ၁၀ မိနစ်.. ၁၅ မိနစ်... ၃၀ မိနစ်... ၁ နာရီ.. ၂ နာရီ.. ၅ နာရီ… indefinitly(အချိန်အကန့်အသတ်မရှိ) ဆိုတာတွေ သတ်မှတ်ပေးလို့ရပါတယ်။
Status bar မှာ ကော်ဖီခွက်လေးက အလွတ်လေးဖြစ်နေရင် activate မလုပ်ထားပါဘူး။ Run မထားဘူးပေါ့ဗျာ။ ကော်ဖီခွက် အလွတ်ကလေးကို နှိပ်လိုက်ပါ.. ကော်ဖီတွေ နဲ့ အငွေ့ထွက်နေရင်တော့ Run နေပါပြီ။
Preferences တို့.. အချိန်ဘယ်လောက်သတ်မှတ်မလဲတို့ကို သိချင်ရင်.. ကော်ဖီခွက်လေးကို Right Click နှိပ်လိုက်ပါ။ Preferences မှာ ………… စက် စဖွင့်ကတည်းက Caffeine ကို Run ချင်လျှင်.. Automatically start Caffeine at login ကို check လုပ်ထားပါ။ Caffeine ကို Run တာနဲ့ activate လုပ်ချင်လျှင် Activate Caffeine at lunch ကို check ထားလိုက်ပါ။ Default Duration လည်း မိမိ ထားချင်သည့် အချိန်ကို ထားထားပါ.. Default Duration က Caffeine ကို activate လုပ်တာနဲ့ သတ်မှတ်ထားမယ့် အချိန်ပါ။ တစ်ခြားအချိန်ကို သတ်မှတ်ချင်ရင်တော့ Right Click >> Activate for မှာ သတ်မှတ်လို့ရပါတယ်..
Caffeine For Mac (via iTunes) Download here

Description
ဒီ Tool ကတော့ Blogger.com နဲ့တခြား Blog တွေမှာ တင်ဖို့ Post တွေကို Web Page ဖွင့်စရာမလိုပဲ မိမိရဲ့စက်ထဲမှာတင် Create, Edit, Save လုပ်နိုင်ပါတယ်။
Os X 10.6.8 နဲ့စမ်းကြည့် ပြီး ဖြစ်ကြောင်းနှင့် သုံး ရတာ အဆင်ပြေမှုရှိပါတယ်။
လိုချင်ရင်တော့ ဒီမှာ ဒေါင်းယူနိုင်ပါတယ်။