18 June 2012

iOS 5.1.1 ကို jailbreak လုပ်နည်း

iOS 5.1.1 ကို jailbreak လုပ်ရာတွင်နည်းလမ်းတခုမကရှိသည့်အနက် အလွယ်ဆုံးနည်းလမ်း ကိုတင်ပေးလိုက်ပါပြီ။



1. ပထမဦးစွာ absinthe 2.0.4 ကို download ချရပါမည်။

3. absinthe run ထားသည့် computer သို့ မိမိ jailbreak လုပ်လိုသည့် iDevice ကိုချိတ်လိုက်ပါ။ DFU mode တွေဘာတွေ လုပ်စရာမလိုပါဘူး။ မိမိရဲ့ iDevice ကို ဖွင့်ထားပြီး home screen မှာပဲထားပါ။

4. absinthe မှာပါတဲ့ jailbreak ဆိုသည့်ခလုတ်ကလေးကို နှိပ်လိုက်ပါ။ process bar လေးစအလုပ်လုပ်ပါလိမ့်မယ်။

5. process bar လေးပြည့်သွားတဲ့အချိန်မှာ complete ဖြစ်ကြောင်းစာပေါ်လာပါလိမ့်မယ်။

6. ထို့နောက် မိမိဧ။် iDevice တွင် cydia ဆိုသည့် app လေးရောက်နေပါလိမ့်မယ်။
ရောက်နေတာကိုတွေ့ရပြီဆိုရင် plug ဖြုတ်လို့ရပါပြီ။(ဖြုတ်ချင်တယ်ဆိုရင်ပေါ့)

jailbreak လုပ်လို့ပြီးပါပြီ။ လူကြီးမင်းတို့ ရဲ့ iDevice ကို power ပိတ်ချင်လည်း ပိတ်လို့ရပါတယ်။
ဘာမှမဖြစ်ဘူး။ power ပိတ်ပြီး(battery အားရှိနေရင်) ကြိုက်တဲ့အချိန်ပြန်ဖွင့်လို့ရပါတယ်။ power ခလုတ်ကိုနှိပ်လိုက်ရုံပါပဲ။

Posted By : Aung Thiha
Read More

iPhone battery အားကြာရှည်အသုံးပြုနိုင်မည့်နည်း

iPhone user တွေတော်တော်များများ ဟာ ကလိ ချင်တိုင်းကလိပြီး battery ခနလေးကုန်တာကို တွေ့ရပါတယ်။ အဲဒီတော့ bettery life ပိုကြာအောင်လုပ်နည်းလေး 10 နည်းကို ကျွန်တော်တင်ပေးလိုက်ပါပြီ။

1. auto-brightness ဖွင့်ထားလိုက်ပါ
iPhone မှာ ambient light sensor ဆိုသည့်အရာတခုပါဝင်ပါသည်။ ထိုအရာသည် iPhone ဧ။်အနားတ၀ိုက်ရှိ အလင်းရောင် ပမာဏပေါ်မူတည်ပြီး screen ရဲ့ အလင်းကိုချိန်ပေးပါတယ်။ (လင်းတဲ့အရပ်နေရာမှာ ပိုလင်းပေးပါတယ်၊ မှောင်တဲ့အရပ်ဒေသမှာ screen အလင်းကို လျှော့ပေးပါတယ်)။ ထိုနည်းဖြင့် battery life ကိုရှည်ကြာစေပြီး သုံးရလည်းပိုမိုလွယ်ကူစေပါတယ်။ အဘယ်ကြောင့်ဆိုသော် မှောင်သောနေရာတွင် battery အားကို လျှော့သုံးသည့်အတွက် ဖြစ်ပါသည်။
Setting  App -> Brightness -> Auto-Brightness On


2. bluetooth ကိုမလိုသည့်အချိန်တွင်ပိတ်ထားပါ
bluetooth ကိုအမြဲတန်းဖွင့်ထားမယ်ဆို battery အားအရမ်းကုန်ပါတယ်။ ထို့ကြောင့် bluetooth ကိုမသုံးတဲ့အချိန်မှာပိတ်ထားပေးပါ။

Setting App -> General -> Bluetooth -> Bluetooth Off


3. 3G ပိတ်ထားခြင်းဖြင့်လည်း battery အားကိုထိန်းနိုင်ပါသည်
3G network နှင့် internet သုံးလျှင်လိုင်း ပိုမြန်သော်လည်း battery အားအရမ်းစားပါသည်။ ထို့ကြောင့် download များမဆွဲပဲ website တွေတင်ကြည့်ရုံလောက်ဆို EDGE  ကိုပဲသုံးခြင်းအားဖြင့် battery စားသက်သာစေပါတယ်။


4.WiFi ကိုလည်း မသုံးဘူးဆိုပိတ်ထားပါ။
ဒါကတော့ထွေထွေထူးထူးပြောစရာလိုမယ်မထင်ဘူးနော်။



Setting -> WiFi -> WiFi off


5. location service ကိုပိတ်ထားပါ
မသုံးဘူးဆိုပိတ်ထားပါ။ location service  ပိတ်ထားခြင်းဖြင့်လည်း battery အားပိုကြာစေပါတယ်။





Setting -> Location Services -> Slide to Off


6. data push ကိုပိတ်ထားပါ(မလိုဘူးဆိုရင်ပေါ့)
iPhone တွေမှာ (internet ချိတ်ထားချိန်) တယောက်ယောက်က ကိုယ့်ဆီ e-mail ပို့လိုက်ပြီဆိုတာနဲ့ ကိုယ့်ဆီမှာ တန်းလက်ခံအောင် default အနေဖြင့် လုပ်ထားပါတယ်။ အဲဒါကို ပိတ်လို့ရပါတယ်။ ပိတ်ထားမယ်ဆို battery အစားသက်သာစေပါတယ်။ အဲဒါဆို e-mail ၀င်လာရင် ဘယ်လိုသိမလဲလို့မေးစရာတော့ရှိတယ်။ အဲဒါကို အောက်မှာဆက်ရှင်းပြပေးထားပါတယ်။
Setting -> Mail,Contacts,Calendar -> Fetch New


7. e-mail လက်ခံခြင်းချိန်နှုန်းထားကို လျှော့ထားလိုက်ပါ။
e-mail ရယူဖို့အတွက် စစ်ပေးသည့် function အကြိမ်နှုန်းထားကို လျှော့ပေးခြင်းဖြင့် battery စားသက်သာစေပါသည်။ ၁၅ မိနစ်တခါ e-mail အ၀င်လက်ခံတာ သို့မဟုတ် ၃၀မိနစ်တခါ တနာရီတခါ အစရှိသဖြင့်ပေါ့။ ချိန်ထားလို့ရပါတယ်။ ဒါဆို  ၁၅မိနစ်ထားလိုက်သည်ဆိုပါစို့ ၁၅မိနစ်မပြည့်ခင်က ကိုယ့်ဆီပို့လိုက်သည့်  e-mail ဟာ ၁၅မိနစ်ပြည့်မှ ပေါ်မည် ဖြစ်ပါသည်။

Setting -> Mail,Contacts,Calendar -> Fetch New Data -> ကိုယ်ကြိုက်တာရွေးပါ


8. auto-lock ကိုအချိန်ပိုစောပေးပါ
lock ကျတာစောရင် screen နဲ့ တခြား service တွေအတွက် battery အားသုံးနှုန်းလျော့ကျစေပါတယ်။ ထိုနည်းဖြင့်လည်း battery အားကြာရှည်စေပါတယ်။





Setting -> General -> Auto-Lock -> ၁မိနစ်လောက်ထားရင်အဆင်ပြေပါတယ်။

auto-lock ချတာပိုစောဆိုလို့တော့ စောလိုက်ပြီ lock ကျသွားလိုက် ချက်ခြင်း ပြန်ဖွင့်လိုက်ဆိုရင်တော့မထူးပါဘူး။ ဒီလိုဆိုရင်တော့ auto-lock ကိုစောမထားပါနဲ့တော့။


9. Location Setting တွေအကုန်ပိတ်ထားပါ (မလိုဘူးဆိုရင်ပေါ့)
location service ကသုံးတော့သုံးတယ် တချို့ဟာတွေပဲမသုံးတာဆို မသုံးတဲ့ဟာတွေပိတ်ထားပါ။ ထိုနည်းဖြင့် battery အစားသက်သာစေပါသည်။ ဖုန်းအပူချိန်ကိုပါသက်သာစေပါသည်။





Setting -> Location Services -> System Services -> Turn off Diagnostics & Usage, Location-Based iAds, and Setting Time Zone


10. အထက်ဖော်ပြပါနည်းများနဲ့  battery အားကြာချိန်တိုးလာသည့် ပမာဏကို အားမရသေးဘူး မကျေနပ်သေးဘူးဆိုရင်တော့ နောက်ဆုံးတနည်းလေးက အသုံးဝင်လာပါပြီ

Extended Life Battery ကိုဝယ်သုံးပါ


ထိုပစ္စည်းကို mophie တို့ Kensington တို့မှ အသီးသီး ထုပ်လုပ်ကြပါသည်။ ထိုပစ္စည်းဝယ်သုံးမယ်ဆိုရင်တော့ ပိုမို ရက်ရှည် အသုံးခံမည်ဖြစ်ပါသည်။



Read More

Little Snitch Cracked For Mac


ဒီကောင်လေးကတော့ တော်တော်လေး အသုံးဝင်ပါတယ်။
ဒီကောင်ရဲ့  Features တွေကို ပြောရမယ်ဆိုရင်တော့ ဒီကောင်လေးက BackgroundမှာRunနေတဲ့Appတွေမှာ အင်တာနက် မဝင်အောင် တားဆီးပေးပါတယ်။
ဥပမာ Safari Browser ကိုDenyလုပ်ထားမယ်ဆိုရင်Safariနဲ့ အင်တာနက် သုံးရင် သုံးမရပါဘူး
Connetionမရှိဘူး လို့ ပြောပါလိမ့် မယ် အဲလိုဘဲ လိုင်းကောင်းစေချင်ရင်လည်းServerတွေတိုးထဲ့ပေးရင်လိုင်းက နည်းနည်းတက်လာပါလိမ့်မယ်တော်တော်လေးအသုံးဝင်ပါတယ်။Serialပါဝင်ပါတယ် ဖြည့်ပြီးသုံးနိုင်ပါတယ်။
ကဲအောက်မှာရယူလိုက်ပါ။
ဒီကို နှိပ်ပြီး ရယူပါ
Read More

Caffeine For Mac (Free)

Mac နဲ့ ပတ်သတ်ပြီး ကြုံတွေ့ ရတတ်တယ့် ပြဿနာတစ်ခုကတော့ တစ်ခါတစ်လေ.. ကိုယ်က Download လုပ်ထားပြီး ထမင်းစားနေတာတို့... အိမ်သာသွားတက်တာတို့ ဆိုရင် sleep mode ကို ၀င်သွားတတ်တာပါပဲ။

 

ဒီ app လေးကတော့ အဲ့လိုဖြစ်တာကို ကာကွယ်ပေးတယ့် app လေးပါ။ ၅ မိနစ်.. ၁၀ မိနစ်.. ၁၅ မိနစ်... ၃၀ မိနစ်... ၁ နာရီ.. ၂ နာရီ.. ၅ နာရီ… indefinitly(အချိန်အကန့်အသတ်မရှိ) ဆိုတာတွေ သတ်မှတ်ပေးလို့ရပါတယ်။ 

 

Status bar မှာ ကော်ဖီခွက်လေးက အလွတ်လေးဖြစ်နေရင် activate မလုပ်ထားပါဘူး။ Run မထားဘူးပေါ့ဗျာ။ ကော်ဖီခွက် အလွတ်ကလေးကို နှိပ်လိုက်ပါ.. ကော်ဖီတွေ နဲ့ အငွေ့ထွက်နေရင်တော့ Run နေပါပြီ။

 

Preferences တို့.. အချိန်ဘယ်လောက်သတ်မှတ်မလဲတို့ကို သိချင်ရင်.. ကော်ဖီခွက်လေးကို Right Click နှိပ်လိုက်ပါ။  Preferences မှာ ………… စက် စဖွင့်ကတည်းက Caffeine ကို Run ချင်လျှင်.. Automatically start Caffeine at login ကို check လုပ်ထားပါ။ Caffeine ကို Run တာနဲ့ activate လုပ်ချင်လျှင် Activate Caffeine at lunch ကို check ထားလိုက်ပါ။ Default Duration လည်း မိမိ ထားချင်သည့် အချိန်ကို ထားထားပါ.. Default Duration က Caffeine ကို activate လုပ်တာနဲ့ သတ်မှတ်ထားမယ့် အချိန်ပါ။  တစ်ခြားအချိန်ကို သတ်မှတ်ချင်ရင်တော့ Right Click >> Activate for မှာ သတ်မှတ်လို့ရပါတယ်.. 

 

Caffeine For Mac (via iTunes)  Download here

 

Screen Shot 2012 06 18 at 12 27 10 AM

 

Screen Shot 2012 06 18 at 12 29 20 AM

 

Read More

17 June 2012

Eng to MM dictionary for mac (ornagaien)

English To Myanmar Dictionary လေးပါ…

ဇော်ဂျီဖောင့်အတွက်က ဒီမှာ ယူပါ..  Download Ornagaien
ယူနီကုတ်အတွက်က ဒီမှာ ယူပါ..   Download Ornagaien (unicode)

Download လုပ်ပြီးလျှင် zip ဖိုင်ကို ဖြည်လိုက်ပါ။  ဖြည်ပြီးလျှင် ရလာသောဖိုင် ( <name> . dictionary) ကို Library >> Dictionaries ထဲကို ကူးထည့်လိုက်ပါ။
ပြီးလျှင် Dictionary ကို ဖွင့်လိုက်ပါ။  ပုံထဲက အတိုင်း ornagaien ဆိုပြီး ရောက်နေပါလိမ့်မယ်..

Screen Shot 2012 06 17 at 11 38 37 PM

ပြီးလျှင် ornagai ကိုေ၇ွးထားပြီး.. English to Myanmar အဘိဓါန် သုံးလို့ရသွားပါပြီဗျာ.. ကျေးဇူးတင်ပါတယ်။ 
Read More

MarsEdit (Remote Access to Blogger) for Mac

MarsEdit

 

Description

ဒီ Tool ကတော့  Blogger.com နဲ့တခြား Blog တွေမှာ တင်ဖို့ Post တွေကို Web Page ဖွင့်စရာမလိုပဲ မိမိရဲ့စက်ထဲမှာတင် Create, Edit, Save လုပ်နိုင်ပါတယ်။

Os X 10.6.8 နဲ့စမ်းကြည့် ပြီး ဖြစ်ကြောင်းနှင့်  သုံး ရတာ အဆင်ပြေမှုရှိပါတယ်။

လိုချင်ရင်တော့  ဒီမှာ ဒေါင်းယူနိုင်ပါတယ်။

 

 

 

 

 

 

 

Read More

MacX Video Converter for Mac

 
Description 

Mac Os X ပေါ်မှာ Video files တွေကို format ပြောင်းသိမ်းဖို့အတွက်ထုတ်ထားတဲ့ Application လေးပါ။

Youtube က Video တွေကို လည်း URL ထည့်ပီး တစ်ခါတည်း Format ပြောင်းလို့ရပါတယ်။

Os X 10.6.8 မှာစမ်းတာကတော့ အဆင်ပြေပါတယ်။ 

ဒီ App ကို ဒီမှာ ဒေါင်းနိုင်ပါတယ်။

  



Read More

16 June 2012

VMware Fusion 4.1.3 For Mac OS X



 Requirements


  • Intel
  • 64-bit processor
  • 2GB RAM
  • Mac OS X 10.6.7 or later (10.7 recommended)
  • A copy of Windows (if you'll be installing Windows)

ဒီကောင်လေးကတော့Mac OS Xမှာဝင်ဒိုး သုံး လို့ ရအောင် ပြုလုပ်ပေးတဲ့ Software ပါ။
ဒါလေးကိုသွင်းဖို့ Window ISOဖိုင်လိုမှာပါ။
Vmware Fusionအောက်မှာရယူလိုက်ပါ။
http://freakshare.com/files/mnx7ysty/vmfu413.zip.html
Read More

Windows နှင့် Macintosh ကွာခြားချက်


Windows
Windows ဟာ Microsoft ကုမ္မဏီ ကထုတ်လုပ်တာဖြစ်ပါတယ်။ PC User တွေကြား ၁၉၈၅ ခုနှစ် နောက်ပိုင်မှာ ရုတ်တရက် လူသိများကျော်ကြားလာခဲ့တဲ့  OS လည်းဖြစ်ပါတယ်။ Windows ဟာနှစ်မျိုးထုတ်ပါတယ် တစ်ခုက တစ်ကိုယ်ရေသုံး နဲ့ နောက်တစ်ခုကတော့ professional သုံးဖြစ်ပါတယ်။ တစ်ကိုယ်ရေအတွက် ထုတ်ထားတဲ့ Windows မှာတော့ ဖျော်ဖြေရေး အပိုင်းမှာ အလေးပေးထား ပြီး ကွန်ယက်ချိတ်ဆက်မှုအပိုင်မှာ တော့လျှော့ထားပါတယ်။ Professional version မှာတော့ ကွန်ယက်ချိတ်ဆက်မှု အပိုင်းနှင့် လုံးခြုံရေးအပိုင်းတွေကို အလေးပေး ထားပြီ ဖျော်ဖြေရေးအပိုင်းတွေမှာ လျှော့ထားပါတယ်။ 

Macintosh
Mac လို့ လည်းခေါ်ဆိုကြပါတယ်။ Mac Apple Inc က ထုတ်တာဖြစ်ပါတယ်။ Apple Inc က သူထုတ်လုပ်တဲ့ hardware မှာအသုံးပြုဖို့ သူကိုယ်ပိုင် OS ကိုထုတ်လုပ်တာဖြစ်ပါတယ်။ Mac မှာလည်း အုပ်စုနှစ်မျိုးရှိပါတယ်။ Classic Mac Os နဲ့ Mac OS X ဖြစ်ပါတယ်။ OS 9 မတိုင်ခင်ထိကို Classic Mac OS ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိ မှာတော့ Mac OS X လို့ အများက သိရှိကြပါတယ်။ မြန်မာနိုင်ငံတွင် အသုံးနည်းသေးသော်လည်း အခြားနိုင်ငံများတွင် သုံးပြုသူများပြားလှသည်။

  • Windows OS က DOS ကိုအခြေခံပြီးဖြစ်ပေါ်လာတာဖြစ်ပါတယ်။ OS X ကတော့ Unix ကိုအခြေခံပြီး ဖြစ်ပေါ်လာတာဖြစ်ပါတယ်
  • Windows ကတော့ Computer တွေအားလုံးမှာထည့်သုံးလို့ရပြီး၊ Mac ကတော့ သူ့ Apple hardware မှာပဲထည့်သုံးမှ အဆင်ပြေပြေအသုံးပြုနိုင်မှာပါ။
  • Windows ဟာ ရုံးလုပ်ငန်းတွေမှာ အဆင်ပြေပြေသုံးဖို့ အလေးပေးထား ထုတ်လုပ်ထာပါတယ်၊ Mac ကတော့ Graphics နဲ့ Multimedia လုပ်ငန်းတွေ အတွက် အလေးပေးထုတ်လုပ်ထာပါတယ်။ Mac ဟာ ဓာတ်ပုံ၊ ဗွီဒီယို နှင့် အသံပိုင်းဆိုင်ရာ တည်ဖြတ်ရာတွင် လူသိများကျော်ကြားလှပါတယ်။
  • Windows မှာ Control ကီး လို့ခေါ်ပြီး Mac မှာကျတော့ Command Key လို့ခေါ်ပါတယ်။
  • Windows မှာ Command Prompt လို့ခေါ်ပြီး Mac မှာကျတော့ Terminal လို့ခေါ်ပါတယ်။
  • Windows မှာ Control Panel လို့ခေါ်ပြီး Mac မှာကျတော့ System Preferences လို့ခေါ်ပါတာ်။
  • Windows နှင့် Mac မှာ GUI နေရာချထားပုံနဲ့ စီမံခန့်ခွဲမှုအစိတ်အပိုင်းတွေကွားခြာပါတယ်။
  • Windows OS တစ်ခွေ $100 အထက်မှာရှိပါတယ်၊ Mac OS တစ်ခွေ $20 ပတ်ဝန်းကျင်မှာရှိပါတယ်။
  • Windows အတွက် Free Application တွေများပါတယ်။ Mac အတွက်တော့ Free Application တွေနည်းပါတယ်။
Windows  နဲ့ Mac ဒီဟာပိုကောင်းတယ် ဟိုဟာပိုကောင်းတယ် ဆိုပြီးပြောလို့မရပါဘူး၊ User တွေရဲ့ အသုံးဝင်မှုအပေါ်မူတည်ပြီး နှစ်ခုစလုံးဟာ ကောင်းတာရေား မကောင်းတာရေား ဖြစ်နိုင်ပါတယ်။ ဒါနဲ့ စကားမစပ် ခင်ဗျားရော ဘယ် User ဖြစ်နေလဲး?
Read More

15 June 2012

Apple ၏ WWDC 2012 နှင့် နည်ပညာ အသစ်


Apple ကုမ္ပဏီ က ဦးစီးပြီး ဆန်ဖရန် စစ္စကို မှာ ကျင်း ပတဲ့ ကမ္ဘာ တစ်လွှား က ကွန်ပျူတာ နဲ့ 
အင်တာနက် နည်း ပညာကျွမ်း ကျင် သူတွေ နှီး နှော ဖလှယ် ပွဲ မှာ Apple ကွန်ပျူတာ ကုမ္ပဏီက
မကြာခင် ဖြန့် ချိ မယ့် Mountain Lion (Cougar) မှ ပါဝင်မယ့် Operating System နဲ့ 
iOS 6 ကို မိတ် ဆက် ပြ သခဲ့ ပါတယ်။

iOS 6 မှာ ကဏ္ဍ ၂၀၀ ကျော် မှာ ပါဝင် မှာ ဖြစ် ပြီး GPS စနစ် မှာတော့ အရင် အသုံး ပြု ခဲ့ တဲ့ Google
map ကို အသုံး ပြု မှာ မဟုတ် တော့ ပဲ 3D ရုပ်ကြွ စနစ် ပါဝင် တဲ့ Apple ရဲ့  မြေပုံ စနစ် သစ် ကို
အသုံးပြု မှာ ဖြစ်ပါတယ်။ iOS6 ဟာ Facebook , Twitter စတဲ့ လူမှု မီဒီယာ တွေ ကို အလွယ်
တကူ ချိတ်ဆက် ဆက်သွယ် နိုင်မယ့် အစီအစဉ် တွေ လဲ ပါဝင် ပါတယ်။

စက်တင်ဘာ လဆန်း မှာ ထုတ်ဝေမယ့် Mac Book Pro နဲ့ Mac Book Air ဟာ ယခင် ထွက်ရှိ ပြီး
Mac Book  တွေ ထက် ပိုမို ပေါ့ ပါး သေးငယ် မှာ ဖြစ်ပြီး Mac Book Pro ဟာ တစ်လက္ခမ  ၄ ပုံ
၃ ပုံ နီးပါး ပဲ ထူမှာ ဖြစ်ပါတယ်။

iPad 3 နဲ့  iPhone နောက်လာမယ့် မျိုးဆက် တွေ မှာ အသံ နဲ့  အမိန့် ပေး လို့  ရပြီး နေရာ နဲ့  မှတ်တမ်း
ရှာဖွေ မှု တွေ မှာအကောင်း ဆုံး အာရုံခံ လုပ်ဆောင် မှု ဖြစ်တဲ့ Siri Voice Command စနစ် ပါရှိ
လာမှာ ဖြစ်ပါတယ်။ Siri ဟာ iPhone 4 မှာ စတင် ပါရှိ ခဲ့ ပြီး လူကြိုက် များ တဲ့ ဖန် ရှင် တစ်ခု ဖြစ်ခဲ့ ပါတယ်။



ဇူလိုင် လ မှာ Mountain Lion စီမံ ခန့် ခွဲ မှု စနစ် ထွက် ရှိလာ ခဲ့ ရင် ယခင် OS စနစ်ဟောင်း တွေ
ဖြစ်တဲ့ OSX Lion နဲ့  Snow Leopard စတဲ့ OS စနစ်တွေ ဟာ အခမဲ့ အဆင့် မြှင့် တင်မှု ပြု လုပ်
နိုင်မှာ ဖြစ်ပါတယ်။

Mac Book Pro ဟာ ဒေါ်လာ ၁၂၉၉ ကျသင့် မှာ ဖြစ်ပါတယ်။ Apple က သူ့  ရဲ့  နည်းပညာသစ်တွေ
နဲ့  ပတ်သက် ပြီး သတင်းထုတ် ပြန် ခဲ့ ပေမယ့် iPhone 5 နဲ့  ပတ် သက် ပြီး ထည့်သွင်း ပြောကြားခြင်း
မရှိ ခဲ့ ပါဘူး။

WWDC 2012 မပုံရိပ်အချို့




FNG မှတဆင့် ကူယူဖော်ပြပါသည်။

Read More